လှိုင်းဘွဲ ဇွန် ၁၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုထာန (Community Center) ခန်းမတွင် ပန်းခင်းစီမံချက်အကြောင်းအသိပညာပေး Talk show ကို ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပန်းခင်းစီမံချက် ဖြစ်ပေါ်လာပုံနှင့်ရည်ရွယ်ချက်၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးအရာရှိဦးဝင်းနိုင်ဦးက လှိုင်းဘွဲမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကို ၃-၅-၂၀၂၁ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်းဘွဲမြို့နယ်ရုံးအနေဖြင့် ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲ Talk show များကို ပြည်သူလူထု အသိပညာဗဟုသုတရရှိစေရန်အတွက် Covid-19စည်းကမ်းချက်များနှင့်အညီ Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်