သတင်းများ

သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Oct 28,2021
ရန်ကုန်တိုင်းဒေသကြီး‌၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာန ဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ ကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်။
အသက် (၁၂) အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေး
Oct 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာထက်တန်း ကျောင်း၌ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက် ထိုးနှံးပေးလျက်ရှိ
Oct 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး (Sinopharn) ပထမ အကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်‌ဆေး  ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် မြို့ကျက်သဆောင်ခန်းမနှင့် ကွန်ဖြူးကျောင်းတို့၌ မြို့နယ်အတွင်းရှိ အသက် ၅၀ နှစ်အထက် ပြည်သူများအား   ကာကွယ်ဆေး ဒုတိယအကြိမ်ကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အောက်စီဂျင်စက်ရုံဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီးနှင့်အဖွဲ့ တက်ရောက်
Oct 28,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အောက်စီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန် က ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အ​ကြောင်း အသိပညာ​ပေး လက်ကမ်းစာ​စောင်ဖြန့်​ဝေ
Oct 28,2021
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ အခမဲ့ ​ဆောင်ရွက်​ပေး​နေမှုအား ​ဒေသ​နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ​စေရန်နှင့် အ​လေးထားလိုက်နာ​ ဆောင်ရွက်​စေရန် ရည်ရွယ်၍ ​အောက်တိုဘာလ (၂၇)ရက်​နေ့က မြို့နယ်ပြည်သူ့​ဆေးရုံနှင့်စုစည်း​ကျေးရွာတို့တွင် ပန်းခင်းစီမံချက် အသိပညာ​ပေး လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Oct 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့‌ပေါ် ရပ်ကွက်များသို့ သွားရောက်၍‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Oct 28,2021
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် အချက်များ ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၄၅ နှစ် နှင့် ၅၄ နှစ် ကြားရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေး
Oct 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၄၅ နှစ်နှင့် ၅၄ နှစ် ကြားရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုအလိုက်ကာကွယ်‌ဆေး ထိုးနှံပေးရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဦးထွန်းအိုရပ်ကွက်ရှိ (ထ-ခွဲ )