အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

အုတ်တွင်း ဇွန် ၁၉

ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမ၌ “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ချိုက စာ​ပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိ​သောလူငယ်များဖြစ်လာ​စေလိုကြောင်း ပြောကြားပြီး ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်ခင်မာ က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်ကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ပါအကြောင်းအရာများမှ “ကလေးနှင့်ပညာရေး”၊ “ပုံပြင်ထဲမှ အလိမ္မာ” ၊ “အနစ်နာခံ၍ ကူညီတတ်ပါစေ” ၊ “ကလေးတွေကို ရိုက်သင့် မရိုက်သင့်” ၊ “သုတစာပေဖတ်ပါစေ”၊ “ကလေးနှင့်ငွေ” စသည့် အကြောင်းအရာများကို ဝိုင်းဝန်းဖတ်ရှုဆွေးနွေးခဲ့ကြပြီး အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)