မလှိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မလှိုင်     ဇွန်     ၁၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ထမ္မကြီးကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာအုပ်စု၊ အိမ်ကြီးတောကျေးရွာ အုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်း ဆင်းဆောင်ရွက် ပေးလျက်ရှိရာ မိတ္ထီလာခရိုင် လဝက ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးဦးဇော်ဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်းနှင့်တာဝန်ရှိသူများ ယမန်နေ့က ထမ္မကြီးကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရန် လာရောက်သည့်  ဒေသခံပြည်သူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိမည့်အကျိုးခံစားခွင့်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားပြီး   မြို့နယ် လဝက ဦးစီးမှူး ဦးဌေးဝင်းက ပန်းခင်းစီမံချက် အကြောင်းကို  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီးလိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

အဆိုပါနေ့က (၃)က၊ (၆)က အပါဝင် ထမ္မကြီးကျေးရွာမှ (၃၃) ဦး၊ ဖက်ကုန်းကျေးရွာမှ(၁၆) ဦး၊ အိမ်ကြီး တောကျေးရွာ(၃၂) ဦးစုစုပေါင်း (၈၁)ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ(၄၈၅) ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။ စီမံချက်ကာလမှာ (၃.၁၁.၂ဝ၂၁ မှ ၃.၁၁.၂ဝ၂၂ )ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)