ရှမ်းရွာသစ် ဇွန် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလ၌ အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပွားစေနိုင်သော ခြင်များ မပေါက်ပွားနိုင်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲစခန်းနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ် (၄)ရပ်ကွက်ရှိနေအိမ်များ၊ ဌာနဆိုင်ရာရုံးများရှိ ရေသိုလှောင်ကန်များ၊ သောက်ရေတွင်း၊ ရေအိုး၊ ရေစည်၊ ရေတိုင်ကီများထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ဖုံ၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ၏ အန္တရာယ်များအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရန် တစ်အိမ်တက် တစ်အိမ်ဆင်း အသိပညာပေးဆွေးနွေးခဲ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ် (ပြန်/ဆက်)