ဘိုကလေး ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ခူလံ အနောက်ကျေးရွာတွင် ဇွန်(၁၇)ရက် ညနေ(၅)နာရီခန့်၌ မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါဘေးသင့် မိသားစုဝင်များအား ယမန်နေ့ဇွန်(၁၈)ရက် ညနေ(၄)နာရီ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လေဘေးသင့် အိမ်ထောင်စု(၂)စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးမှူး ဦးသော်ထက်အောင်မှာ လေဘေးသင့် အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁) သိန်းကျပ်၊ (၇)ရက်စာ ဆန်ရိက္ခာဖိုးများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)