ပျဉ်းမနားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေးစာရင်းများ ဆောင်ရွက်ပေးလျက်ရှိ
Jun 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရွာကောက်ရပ်ကွက်အတွင်းရှိ ကျောက်ကျင်းရပ်တွင် နေထိုင်လျက်ရှိသည့် အသက်(၁၆)နှစ် အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။