ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း ထောက်အကူပြု အမျိုးသမီးစက်ချုပ်(အခမဲ့) သင်တန်းဖွင့်လှစ် သင်ကြားပေး
Oct 30,2021
နည်းပညာနှင့် အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝ ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ တွင် အောက်တိုဘာလ၃၀ရက် နံနက်၇နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အမျိုးသမီး စက်ချုပ်(အခမဲ့)သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။