ပလောက်မြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင် စရိတ်ထောက်ပံ့ပေးအပ်

ပလောက်    ဇွန်   ၁၉

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက ပညာသင်စရိတ်ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းသား/ သမီးများအား မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေနှင့်  မြို့မိသားစု စည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်‌မေဇင်အိတို့က ဝန်ထမ်းသားသမီး(၁၂)ဦးအား ငွေသား ၁၀၅,၀၀၀/-ကျပ် နှင့် စာရေးကရိယာ နှင့် ဝတ်စုံတန်ဖိုးငွေ  ၁၇၀,၀၀၀/-ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ၂၇၅,၀၀၀/- ကျပ်တို့အား ဝန်ထမ်းသား/သမီး များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

နှင်းမြူလွင်(ပလောက်)