ထီးလင်း ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ) ပျံကျဈေးနေရာ၌ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ဦးဆောင်ကြီးကြပ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေးရောင်း ဈေးဝယ် ပြည်သူများအား လက်သန့်ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဝေငှတပ်ဆင်ပေးခြင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ အပြင်သို့ ထွက်ခွာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အလေးထား တပ်ဆင်သွားလာရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်စည်