ရေနံချောင်း ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုများ စတင်ဖြစ်ပွားလာသည့်အတွက် မိမိတို့မြို့နယ်အနေဖြင့် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ထပ်တိုးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တက်ရောက်လာသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူးဦးသန့်ဇင်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထက်ဌာန ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသူအောင်