သတင်းများ

တနင်္သာရီမြို့နယ် (လဝက)ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇဝဲကျေးရွာအုပ်စုအတွင်း နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၅) ဦးတို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေး ရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျေးရွာများသို့‌ ကွင်းဆင်း၍ ပြုလုပ်ပေးလျက်ရှိရာ
ဒုတိယဝန်ကြီး ဦးရဲတင့် မြင်းခြံခရိုင် ပြန်/ဆက်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ
Jun 21,2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။
အလည်လာဖို့ ဖိတ်ခေါ်ပါသည်. . . .နယ်စပ်ဒေသ မိုင်းယုမြို့လေးဆီ
Jun 21,2021
ရှမ်းရိုးမတောင်တန်းကြီးများနှင့် ရှေးမြို့ရိုးခံတပ်ရယ် ပတ်လည်ဝိုင်းရံ၊ မိုးတိမ်မြူးနှင်းငွေ့ရယ်တဲ့ တဝေဝေ၊ နမ့်လွေချောင်းရေကို အံတုကာ ကမ်းစပ်တွင် တည်ရှိနေသော နယ်စပ်ဒေသမြို့ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ နယ်စပ်ဒေသ မိုင်းယုမြို့လေးသည် အေးချမ်းသာယာပြီး ရှေးခေတ် သမိုင်းဝင်စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆယ်နှစ်လရာသီရှမ်းရိုးရာဓလေ့ အလှူပွဲတော်များ၊ ဧည့်သည်တို့၏ အပန်ဖြေစရာ ထင်ရှားသည့် ရေတံခွန်၊ ရွှေငါးကန်စားသောက်ဆိုင်နှင့် မြို့၏ဂုဏ်ဆောင်သော နှစ်နိုင်ငံချစ်ကြည်းရေးနယ်စပ်တံတား တည်ဆောက်ထားခြင်းတို့ကြောင့် ရှုတိုင်လှနေပါသော မိုင်းယုမြေသို့ အလည်တစ်ခါ တစ်ခေါက်လာရောက်လည်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
စာရေးဆရာ ဂေါယာမြေစောဝင်း၏ စာရေးသက် နှစ်(၅၀)ပြည့်အမှတ်တရနှင့် တူးဆွခံရသော နှလုံးသားအက်ကြောင်း စာအုပ်မိတ်ဆက်ပွဲကျင်းပ
Jun 21,2021
စာရေးဆရာ ဂေါယာမြေစောဝင်း၏ စာရေးသက် နှစ်(၅၀)ပြည့်အမှတ်တရနှင့် တူးဆွခံရသော နှလုံး သားအက်ကြောင်း စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပ သည်။
တာလေမြို့တွင် မိုးရွာသွန်းမှုကောင်းမွန်ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် လယ်ယာများ အဆင်ပြေချောမွေ့စွာ စပါးစိုက်ပျိုးလျက်ရှိ
Jun 21,2021
၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ယခုနှစ် မိုးဦးကျကာလအတွင်း မိုးများအဆက်မပြတ် ရွာသွန်းပြီးနယ်မြေဒေသ၏ ရာသီဥတု သဟဇာသဖြစ်ကာ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊တာလေမြို့ ဒေသအတွင်းရှိ လယ်ယာမြေများမှာ အဆင်ပြေချောမွေ့စွာ စပါးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့တွင် အိုလံပစ်နေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော အားကစားပြိုင်ပွဲများမှ ထူးချွန် သူများအား ဆုများ ပေးအပ်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ဇွန် ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ များတွင် ထူးချွန်အောင်မြင်စွာ အနိုင်ရရှိခဲ့သော အားကစား သမားများအား ဆုများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်းပွဲ ကြည့်စင်၌ ကျင်းပပြုလုပ်သည်။
၂၀၂၁ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ဘူးသီးတောင်မြို့၌ ကျင်းပ
Jun 21,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သစ်​​တောသစ်ပင်စိမ်းလန်းစိုပြေရေး၊ သစ်တော ဖုံးလွမ်းမှု ကောင်းမွန် လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရန် ရည်ရွယ်​ ပြီးဘူးသီးတောင်မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ မိုးရာသီလူထု စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ တော်ကို ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက် ၊ဂန္ဓာရီဘုန်းတော်ကြီးကျောင်း အနောက်ဖက်တောင်ကုန်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။
မင်းလှမြို့တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့ သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။