သတင်းများ

ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိ လိုက်နာ ရမည့်အချက်များအား ကရင်ဘာသာ ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်
Oct 27,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးTalk Show ဆောင်ရွက်
Oct 27,2021
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းကို ဒက္ခိဏခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ဆောင်ရွက်ကြသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်
Oct 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ လူမှုဖူလုံရေးအဖွဲ့ရုံးတွင် လူမှုဖူလုံရေး ဥပဒေနှင့် အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေး Mask(နှာခေါင်းစည်း) များ အခမဲဖြန့်ဝေ
Oct 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး Mask (နှာခေါင်းစည်း)များ အခမဲ့ဖြန့်ဝေခြင်းအား ယနေ့ နံနက် (၇)နာရီခွဲ အချိန်ခန့်က မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရပြီးနောက် ပြန်လည် ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်း စကားသံ
Oct 27,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့ မြို့တွင်  ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်း များကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ရော ဂါ ကူးစက်ခံရ ပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ သူတစ်ဦး ၏ ရင်တွင်း စကားသံ အချို့ကိုဖော်ပြလိုက်ပါသည်။
ဇလွန်မြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Oct 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ၂၀၂၁ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို မေရီလန်းကျေးရွာအုပ်စု တောင်သူဦးစောရေမီ၏ လယ်မြေတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 27,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်   တောင်သာမြို့နယ်အတွင်း၌  အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအား ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ဝက်လက်မြို့၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးသန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်း (Field inspection) လုပ်ငန်းများ ဆောင်ရွက်
Oct 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ထုံးဘို (အနောက်) ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က တောင်သူ ဦးလှထွန်း ပိုင်ဆိုင်သော ကွင်းအမှတ် ၃၂၄၅ တွင် ရွှေဘိုပေါ်ဆန်းစပါး မျိုးစေ့ထုတ် စိုက်ဧက ၅ ဧကတွင် မျိုးသန့်ရရှိရေး ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်း (Field inspection) ဆောင်ရွက်ကြကြောင်း သိရသည်။