ညောင်လေးပင်မြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 20,2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်းနှင့် ပန်းတင်ကျေးရွာရှိ အ.ထ.က(ခွဲ) ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။