သတင်းများ

ကချင်ပြည်နယ်အတွင်း နိုဝင်ဘာလ (၁)ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး
Oct 30,2021
ကချင်ပြည်နယ်အတွင်း နိုဝင်ဘာလ (၁)ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ(၂)နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးအောင်ကြည်လင်း အဖွင့်အမှာစကား ပြောကြားသည်။
ဖား​ဆောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်အ​ကြောင်း အသိပညာ​ပေး “Talk Show” ပြုလုပ်
Oct 30,2021
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာ ပေး TalkShow ကို ယမန်နေ့နေလယ်(၁)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မြို့နယ် (ပြန်/ဆက်) ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
လားရှိုးမြို့၌ အသက်(၄၀)နှစ်အထက်ရှိသူများအား ကိုဗစ်ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးမည်
Oct 30,2021
လားရှိုးမြို့ရှိ အသက်(၄၀)နှစ် အထက်ရှိသူများကို နိုဝင်ဘာ(၁)ရက် နံနက်(၉)နာရီအချိန်မှ စတင်ကာ ကိုဗစ်(၁၉)ကာကွယ်ဆေးများကို ဆေးထိုးစုရပ်(၅)ခုတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောင်းသား/သူများ ကာယ ဉာဏ တစ်ပြေးညီဖွံ့ဖြိုးစေရေးအတွက် အတန်းလိုက် အားလုံး ကျောင်း တက်ရောက်စေချင်
Oct 30,2021
ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံနှံ့မှုကြောင့် ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ရောဂါ ကူးစက်မှုလျော့ကျလာသဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ပညာရေးနစ်နာ မှု မရှိစေရန်အတွက် နိုင်ငံတော်မှ နိုဝင်ဘာလ(၁)ရက်နေ့တွင် ၂၀၂၁-၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် ပြည်သူ(၅၃၄၉)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်
Oct 30,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ်ဒုတိယ အကြိမ်အဖြစ် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံ မြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ (၆)လ ကာလအတွင်း ငွေလုံးငွေရင်း / သာမန်အသုံးစရိတ်တို့ဖြင့် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
Oct 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာ ရေးနှစ်၊ (၆)လကာလအတွင်း ငွေလုံးငွေရင်း/သာမန်အသုံးစရိတ်တို့ဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင် ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှသိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Oct 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ တက်တိုး ၏ " စာဖတ်စည်းစိမ် "စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သွားမည်
Oct 30,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါစည်းကမ်း ချက် များနှင့်အညီ နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။