စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒေသခံပြည်သူများ စာပေဝါသနာရှင်များ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်၏" ပန်းလိုချင်အပင်ကို ပျိုးတတ်မှ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။