စားအုန်းဆီများသက်သာသောစျေးနှုန်းဖြင့်ရောင်းချလျက်ရှိ
Oct 25,2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ၂၂-၉-၂၈၂၁ (ဗုဒ္ဓဟူးနေ့) မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်ကားရောင်းချ သူများသို့ စားအုန်းဆီတစ်ပိဿာလျှင် လက်ကား ဈေး (၃၇၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။