ဒုတိယဝန်ကြီး ဦးရဲတင့် မြင်းခြံခရိုင် ပြန်/ဆက်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ

မြင်းခြံ  ဇွန်  ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ့ဝန်ထမ်းပီသစွာ သစ္စာစောင့်သိတာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဘဝ ဂုဏ်ယူတတ်ကြစေရန်၊ ရုံးအဆောက်အဦနှင့်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုပြီး သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး ကြိုင်တင်ပြင်ဆင်ထားကြန်ရန်၊ ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးတက်အောင် ကြိုးပမ်းကြရန်နှင့်၊ အလုပ်လုပ်သည့်အခါ စိတ်ကောင်း စေတနာကောင်း ထားရှိကာ လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် ပြန်/ဆက်