တနင်္သာရီမြို့နယ် (လဝက)ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇဝဲကျေးရွာအုပ်စုအတွင်း နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီ ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၅) ဦးတို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေး ရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျေးရွာများသို့‌ ကွင်းဆင်း၍ ပြုလုပ်ပေးလျက်ရှိရာ ဇွန်လ(၁၈ ရက်မှ ၂၀)ရက် အထိ (၃)ရက်တိတိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဇဝဲကျေးရွာအုပ်စု-ဇဝဲကျေးရွာသာသနာ့ရက္ခိတဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း ၎င်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(၁၀နှစ်ပြည့်/၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ ၁၀ နှစ်ပြည့်မှ ၁၈နှစ်ပြည့် လဲလှယ် ခြင်း၊ ပျောက်ဆုံး/ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို ပန်းခင်းစီမံချက်ဖြင့် ဇဝဲကျေးရွာအုပ်စုအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်-၃(က) ကျား(၆)ဦး+မ(၃)ဦး၊ ပေါင်း(၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) ကျား(၁၁)ဦး+မ(၆)ဦး၊ ပေါင်း (၁၇)ဦး၊ အသက်(၁၀)နှစ် ပြည့်မှ အသက်(၁၈)နှစ်ပြည့် လဲလှယ်ကျား(၁၆)ဦး+မ(၂၅)ဦး၊ ပေါင်း (၄၁)ဦးသို့ ပါ၍နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း(၆၇)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၃၇)စုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း