သတင်းများ

လဟယ်မြို့တွင် ကိုဗစ်-၁၉ပိုးတွေ့ အရပ်မှပြန်လာသည့် ၀န်ထမ်းများအား Test kit ဖြင့် စစ်ဆေးခဲ့ရာ Negative အ‌ဖြေထွက်
Jun 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နန်းယွန်မြို့မှ ပြန်လာသည့် ၀န်ထမ်းတစ်ဦးအား လဟယ်ပြည်သူ့ဆေးရုံ စောင့်ကြည့်ဆောင်တွင် ထားရှိပြီး ယနေ့ နံနက် (၁၀) နာရီအချိန် Test kit ဖြင့် နှာခေါင်းတုံ့ဖတ်ရယူစစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိကြောင်းသိရသည်။
တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ၊ စျေးရောင်းချသူများ အား အသိပညာပေးခြင်းဆောင်ရွက်
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လမ်းသွား လမ်းလာ များ၊ စည်ပင်သာယာမြို့မစျေးကြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ကျောက်တိုင်မီးပွိုင့် လမ်းဆုံ၊ စည်ပင်သာယာမြို့မစျေး၊ ဆေးရုံရှေ့ တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများ​ ဆောင်ရွက်ရန်အတွက် ​စေတနာ့ဝန်ထမ်း သင်တန်းဖွင့်လှစ်
Jun 21,2021
ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​အလုံမြို့နယ်တွင်   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများ ​ဆောင်ရွက်ရန်အတွက် ​ စေတနာ့ဝန်ထမ်း သင်တန်းကို ဇွန်လ ၂၁ ရက်​နေ့၊ နံနက်(၉း၀၀)အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူ မရှိစေရေးဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အတွင်း ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံပွားမှု ကာကွယ်နိုင်ရန် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေးအတွက် အရှေ့လမ်းမတော်လမ်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူ မရှိစေရေး ဆောင်ရွက်မှု နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကန်ပိန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သထုံမြို့နယ်တွင် ရေချိုငါးမွေးမြူရေးနှင့် အခြေခံငါး ဆေးထိုးသားဖောက်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပ
Jun 21,2021
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ရေချို ငါးမွေးမြူရေးနှင့် အခြေခံငါး ဆေးထိုးသားဖောက်ခြင်းသင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ကျင်းပသည်။
သမုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ တော်ကို သမုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး စုစုပေါင်းပျိုးပင် (၁၃၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jun 21,2021
၂၀၂၁ ခုနှစ် ဇွန်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေ စေရန်အတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 21,2021
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့အဝင် ရွှေဘုန်းရှိန်ဘုရားရှေ့လမ်းဆုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။