သရက်မြို့ရှိ အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်များ စတင်စမ်းသပ်ထုတ်လုပ်
Oct 27,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ် လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ခဲ့သည့် အောက်ဆီဂျင်စက်ရုံအတွက် အောက်တိုဘာ ၂၃ ရက်နေ့တွင် အောက်ဆီဂျင်စက် နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာရာ တပ်ဆင်မှုများပြီးစီး၍ ယနေ့နံနက်ပိုင်းတွင် စက်လည်ပတ်ပြီး အောက်ဆီဂျင်များ စတင်စမ်းသပ် ထုတ်လုပ်ပေးပြီဖြစ်ကြောင်း သိရသည်။