ကာမိုင်းမြို့ ရပ်ကွက်/ ကျေးရွာအတွင်းရှိပြည်သူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆာင်ရွက်

ကာမိုင်း   အောက်တိုဘာ  ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးခြင်းကို အောက်တိုဘာ၂၆ ရက်နံနက် ၉နာရီမှစတင်ကာအထကမြစိမ်းရောင်ခန်းမ၌  ဆောင်ရွက်သည်။

ကာကွယ်ဆေးမထိုးနှံမီ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးဖျန်းပေးခြင်း၊ နေရာချထားပေးခြင်းတို့ကို ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သုဂတိမဂ္ဂ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ဆောင်ရွက်ပေးပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကာမိုင်းနည်း ဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့‌မှ ဆေးတပ် ဖွဲ့ဝင်များနှင့် တိုက်နယ်ဆေးရုံဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကာမိုင်းမြို့ပေါ်ရပ်ကွက်၊ နန့်ယားကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာ၊ ကထန်ယန်ကျေးရွာ၊လွယ်ဆိုင်ကျေးရွာများရှိ ပြည်သူစုစုပေါင်း (၃၈၅)ဦး အတွက် ဆေးအလုံးရေ (၇၇)လုံးကိုဆေးတစ်လုံးလျှင် လူငါးဦးနှုန်းဖြင့် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကာမိုင်း(ပြန်/ဆက်)