မအူပင် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် နံနက် ၈ နာရီက စတင်ထိုးနှံကြောင်း သိရသည်။
အသက် (၁၈)နှစ်အထက် ကာကွယ်ဆေး (Sinopharm) အား (ပထမ)အကြိမ်အဖြစ် လူဦးရေ (၂၄၅)ဦးအား ထိုးနှံပေးခြင်းဖြစ်ပြီး မထိုးရသေးသည့် အသက် (၁၈)နှစ်အထက်များအား ဆက်လက်ထိုးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန ကသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)