စလင်းမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကို ထပ်မံထိုးနှံပေး

စလင်း  အောက်တိုဘာ  ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာလအတွင်း ပထမအကြိမ် ထိုးပေးခဲ့ပြီး ယနေ့နံနက် ၈ နာရီအချိန် က စလင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ထိုနှံပေးခဲ့သည်။

စလင်းမြို့နယ်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို မြို့နယ်အတွင်း ရပ်ကွက်အလိုက် အသိပေးကြေငြာခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဆေးထိုးရန်ကျန်ရှိသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဆေးထိုးစုရပ်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ယနေ့နံနက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ ၂၃၅ ဦး လာရောက်ထိုးနှံသွားကြောင်းကို စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မောင်လွင်(စလင်း)