ကာမိုင်း အောက်တိုဘာ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ စတင်ကာ အ ထ က မြစိမ်းရောင်ခန်းမ၌ ဆောင်ရွက်သည်။
ကာကွယ်ဆေးမထိုးနှံမီ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးဖြန်း ပေးခြင်း၊ နေရာချထားပေးခြင်းတို့ကို ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သုဂတိမဂ္ဂလူမှုကူညီရေး အသင်းအဖွဲ့ဝင် များကဆောင်ရွက်ပေးပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကာမိုင်းနည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင် များနှင့် တိုက်နယ်ဆေးရုံဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကာမိုင်းမြို့ပေါ်ရပ်ကွက်၊ နန့်ယားကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာ၊ ကထန်ယန် ကျေးရွာ၊ လွယ်ဆိုင်ကျေးရွာများရှိ ပြည်သူစုစုပေါင်း (၃၈၅)ဦးအတွက် ဆေးအလုံးရေ (၇၇)လုံးကိုဆေးတစ်လုံးလျှင် လူငါးဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ် ကြောင်းသိရသည်။
ကာမိုင်း (ပြန်/ဆက်)