စလင်းမြို့နယ်၌ Oxygen Plant စက်ရုံအမြန်တည်ဆောက်ပြီစီးရေး လည်ပတ်ဖြန့်ဖြူးနိုင်ရေး ဝန်ထမ်းခန့်ထားနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ညှိနှိုင်းဆွေးနွေး

စလင်း  အောက်တိုဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် Oxygen Plant စက်ရုံအမြန် တည်ဆောက်ပြီးစီးရေး လည်ပတ်ဖြန့်ဖြူးနိုင်ရေး ဝန်ထမ်းခန့်ထားနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက် ပြီး ညှိနှိုင်းဆွေးနွေးခြင်း ယနေ့နံနက် ၁၀ နာရီအချိန် က စလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

စလင်းမြို့ ပြည်သူ့ဆေးရုံးဝန်းအတွင်း တည်ဆောက်ထားသည့် အောက်စီဂျင်စက်ရုံ အမြန်ဆုံး ပြီးမြောက်နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေရေးနှင့် လျှပ်စစ်မီးသွယ်တန်းရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ၊ အောက်စီဂျင်စက်ရုံ ရန်ပုံငွေရှာဖွေရေးအဖွဲ့များ၊ တည်ဆောက်ရေးအဖွဲ့များတို့ကို အမြန်ဆုံးပြီးစီးနိုင်ရေး၊ ယခုအခါ ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း၊ ကားများအဝင်အထွက်၊ ယာဉ်ရပ်နားရေး နေရာများကို မြေနီလမ်းခင်းခြင်း စသည့်လုပ်ငန်းများကို စက်ရုံတည်ဆောက်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ ပေါင်းစပ်ညှိနှိုင်းကြကာ စက်ရုံအမြန်ပြီးစီးနိုင်ရေး လည်ပတ်ဖြန့်ဖြူးနိုင်ရေး၊ ဝန်ထမ်းခန့် အပ်ထားနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)