ခင်ဦး အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မဈေးတွင် ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း က မြို့မဈေး အရှေ့ဘက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကို တို့ ဦးဆောင်မှုဖြင့် ဈေးရောင်းသူများ၊ ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အခမဲ့စစ်ဆေးပေးကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)