ဒေးဒရဲ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့ပေါ်နှင့် ကျေးရွာ ကျောင်းစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၊ မြို့နယ်အခြေခံ ပညာဦးစီးဌာနရှိ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များက ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၇၅၀၁)ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ (၄၄၈၆)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovus) ထိုးနှံပေးပြီးဖြစ်ကြောင်း နှင့် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)