ကျောက်မဲမြို့နယ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ကျောက်မဲ  ဇွန်  ၂၁

 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ကျောက်မဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အရ နိုင်ငံသား စိစစ်ရေးကတ်မရှိသေးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ဇွန် ၂၀ ရက်နေ့က အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့် ဌာနဆိုင်ရာများရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ ပြည်သူများ အတွက် ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း နိုင်ငံစိစစ်ရေးကတ်ပြား များကွင်းဆင်း ဆောင်ရွက်ပေ ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လျှောက်စေခြင်း၊အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကို ဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ဖျက်ပေးခြင်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။

‌‌ကျောက်မဲမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက် စတင်သည့် မေ ၃ ရက်နေ့မှစ၍ ဇွန် ၂၀ ရက်နေ့ အထိ  လူဦးရေ ၅၆၂  ဦးအတွက် အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်၊ လူဦးရေ ၃၃၅ ဦးအတွက် အသက် ၁၈ နှစ်ပြည့်နိုင်ငံသားစိစစ် ရေးကတ်အသစ်ထုတ်ပေးခြင်း၊ လူဦးရေ ၂၀၀ ဦးအတွက် အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့်ကတ်လဲလှယ်ပေးခြင်းနှင့် လူဦးရေ ၁၁၇ ဦးအတွက် ကတ်ပြားပျောက်ဆုံး/ပျက်စီးအတွက် အစားထိုးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးကြောင်း ဆက်လက်၍လည်း ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်‌ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်၏ ပြောပြချက်အရသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)