တောင်ဥက္ကလာပ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်( ၁၀:၀၀ )နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က စာရေးဆရာ ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ/မူးယစ်) ရေးသားသော ပိုးဖလံမျိုးမီးကိုတိုး(သို့မဟုတ်) ယနေ့ခေတ်လူငယ်နှင့် မူးယစ်ဆေးဝါး စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကိုအမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြသည်။
ခင်ဆွေနှင်း