ကြက်မောက်တောင် ဆည်ရေသောက်ဒေသတွင် မိုးစပါး (၁၆၄၆၁) ဧက စိုက်ပျိုးထားရှိ လျာထား ချက် ထက်ကျော်လွန်စိုက်ပျိုးခဲ့ပြီး စပါးခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း အောက်တိုဘာ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်မောက်တောင် ဆည်ရေသောက်ဒေသ များတွင် မိုးစပါးများကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး၊ စိုက်ပျိုးပြီး စပါးများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အညာဒေသဖြစ်သည့် ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ပြီး၊ ဆည်ရောက် ဝင်ရောက်မှု လည်းကောင်းမွန်သဖြင့် မိုးစပါးအပြင် နွေစပါးကိုပါ အောင်မြင်ဖြစ်ထွန်းအောင် ရေပေးဝေနိုင်မည့် အခြေအနေရှိကြောင်းနှင့် ယခုနှစ် မိုးစပါးများလည်း စိုက်ပျိုးဖြစ်ထွန်း လျက်ရှိ ကြောင်း မကျီးတိုင်းကျေးရွာမှ စပါးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရန် ဧက (၁၆၄၅၂) ဧက လျာထားခဲ့ သော်လည်း၊ လက်ရှိမြေပြင်တွင် (၁၆၄၆၁) ဧက စိုက်ပျိုးခဲ့ရာ၊ လျာထားချက်ထက်(၉)ဧက ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း သိရပြီး၊ စိုက်ပျိုးသမျှစပါး ခင်းများလည်း အောင်မြင်ဖြစ်ထွန်းနေကြောင်းကို၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ယခုလိုပြောပါသည်။ “ ကျွန်မတို့ ကြက်မောက် တောင် ဆည်ရေသောက်ဒေသမှာတော့ ဒီနှစ်က မိုးစပါးကို လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သလို စိုက်ပျိုးသမျှလည်း အောင်မြင်ဖြစ်ထွန်းကြပါတယ်…။ ကျွန်မတို့ဆီမှာက အထွက်ကောင်းမျိုးဖြစ်တဲ့ မနော သုခ စပါးကိုပဲ အားထားစိုက်ပျိုးကြတာပါ…။ မနှစ်ကတော့  ပေါ်ဦးပေါ်ဖျား စပါးဈေးက တစ်တင်းကို ၆၀၀၀ ကျပ်ကနေ ၆၅၀၀ ကျပ်ရရှိကြတယ်လို့သိရပြီး နောက်ပိုင်းမှာ စပါးဈေးတက်လာတော့ တစ်တင်းကို ၈၀၀၀ ကျပ်ကနေ ၉၀၀၀ ကျပ်အထိ ရရှိကြတယ်လို့ကြား ရပါတယ်..။ အဲဒီဈေးလောက်ဆိုရင် စပါးစိုက်တောင်သူတွေအတွက်လည်း အဆင်ပြေပါတယ်. ဒီနှစ်လည်း အဲဒီဈေးလောက်ပဲ ဖြစ်မယ်ထင်ပါတယ်… မိုးစပါးကတော့ရရကြမှာပါ..ကျွန်မအထင် နွေစပါးလည်းအဆင်ပြေ မယ်ထင်ပါတယ်… ဘာလို့လည်းဆိုတော့ ဆည်မှာက ဒီနှစ်ရေအဝင်ကောင်း တော့ အောင်ရေလည်း အလုံအလောက်ပေးနိုင် မဲ့ အခြေအနေရှိနေပါတယ် …။” အဆိုပါ မိုးစပါးများကို ကျောက်ပန်းတောင်းမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှာ စတင်စိုက်ပျိူး ကြကြောင်းသိရပြီး၊ နိုဝင်ဘာ နောက်ဆုံးပတ်တွင် စတင် ရိတ်သိမ်းကြလေ့ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)