သန်လျင် မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများ စတင်ထုတ်ပေး

ရန်ကုန် အောက်တိုဘာ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း ထုတ်ပေးလျက်ရှိရာ အောက်တိုဘာ လအတွက် ပင်စင်လစာများအား ယမန်နေ့က ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အောက်တိုဘာ  ၂၂ ရက်နေ့မှ စတင်ပြီး နေ့စဉ် နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိရာ ရပ်ကွက်နှင့်ကျေးရွာများရှိ ပင်စင်စားမိဘပြည်သူများအနေဖြင့်  မိမိတို့ အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်နှင့် ထုတ်ယူလိုပါက လိုအပ် သည့် အထောက်အထားဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လာရောက်ထုတ်ယူကြသော ပင်စင်စားမိဘပြည်သူများ ပင်စင်လစာများထုတ် ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးဇော်ရှင်းနှင့် သက်ဆိုင်ရာ ဘဏ်ဝန်ထမ်း များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပင်စင်လစာ လာရောက်ထုတ်ယူကြသော မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ  လာရောက်ထုတ်ယူပေး ကြပါရန်နှင့် ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီး လာရောက် ထုတ်ယူကြပါရန် သက်ဆိုင်ရာမှ အသိပေးထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်