ကလေးမြို့တွင် မြစ်သာမြစ်(ပြင်သာ)ရေသည် စိုးရိမ်ရေအမှတ်အောက်(၁၅.၄)ပေအကွာသို့ ရောက်ရှိ

ကလေး အောက်တိုဘာ၂၃

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲအချိန်  တိုင်းထွာချက်အရ  မြစ်သာမြစ် (ပြင်သာ) ရေသည် ၂၄ နာရီအတွင်း ၁၈၀ စင်တီမီတာ (၅.၉ ပေ) ကျဆင်းခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ သိရသည်။

မြစ်သာမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်မှာ (၁၁၀၀)စင်တီမီတာဖြစ်ပြီး ယနေ့ နံနက်ပိုင်းတိုင်း ထွာချက်အရ  ၆၂၉ စင်တီမီတာတွင်ရောက် ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အောက် ၄၇၁ စင်တီမီတာ( ၁၅.၄ ပေ) တွင် တည်ရှိနေကြောင်းသိရသည်။

မြစ်သာမြစ်ရေသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် အောက်တိုဘာ တတိယပတ်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလျက်ရှိရာ ကလေးမြို့နယ်တွင် ဆက်လက်မြင့် တက် နိုင်သောကြောင့် ကလေးမြို့နယ်အတွင်း အနိမ့်ပိုင်းတွင် နေထိုင်သူများကို ကြိုတင်ပြင်ဆင်၍ သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများမှ နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်ကျော် (ပြန်/ဆက်)