ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ရွှေပြည်သာ   အောက်တိုဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ ရွှေပြည်သာမြို့နယ်တွင်   လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်   အိမ်ထောင်စုလူဦး ရေစာရင်းနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ  ဦးမြင့်ဦး၏ လမ်းညွှန်မှု၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမင်း သူအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်  (၈) နာရီအချိန်က အမှတ်(၁၆)ရပ်ကွက်ရှိ ရပ်ကွက် လုံးဆိုင်ရာ ဓမ္မာရုံတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ကွင်းဆင်းပြု လုပ်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိ/ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်း  နေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အားဆောင်ရွက် ပေးသွားမည် ဖြစ်သည်။  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ  ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပြုလုပ်ပေးနိုင်ရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများအရောက် စာရင်းများကွင်းဆင်း ကောက်ယူဆောင် ရွက်ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူခြင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)