ဝက်လက်မြို့ ၌ အောက်ဆီဂျင် စက်ရုံ လွဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဝက်လက် အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အမှတ် ၁ ရပ်ကွက်တွင် တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က သံဃာတော် အရှင်သူမြတ်တို့ကို အာရုံဆွမ်းမျာ ဆပ်ကပ်လှူဒါန်းပြီး လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်သည်။

ဝက်လက်မြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးရာဇာ ထွန်း၊ ဦးသက်နိုင်မြ၊ ဦးသက်အောင်အစရှိသည့် အဖွဲ့များမှ အောက်ဆီဂျင်စက်ရုံ လည်ပတ်ရေး  ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးကျော်ထွန်းနှင့် အဖွဲ့ဝင်များထံ လွဲပြောင်းပေးအပ်သည်။ အောက်ဆီဂျင် စက်ရုံကို သြဂုတ်လ ၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် လည်ပတ်ခဲ့ရာ ယနေ့တွင် လွဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စက်ရုံတည်ဆောက်မှုအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် ကုန်ကြခဲ့ရာတွင်  မြို့ပေါ်ဒေသခံ ပြည်သူများနှင့် အခြားမြို့များတွင် နေထိုင်ကြသော ဝက်လက်မြို့နယ်သူ၊ မြို့နယ်သားမျာက ပူးပေါင်း ပါဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံ လည်ပတ်ရာတွင် ၂၄ နာရီ အတွင်း ၊၄၀ လီတာအိုး၊ အလုံး ၄၀ ရရှိကာ၊ ၄၀ လီတာ အိုး တစ်လုံးလျှင် ၅၀၀၀ ကျပ်၊ ၃၀ လီတာအိုး တစ်လုံးလျှင် ၄၀၀၀ ကျပ်၊ ၂၀ လီတာအိုး တစ်လုံးလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းမည်ဖြစ်ရာ အောက်ဆီဂျင်အိုး ရောင်း၍ ရရှိလာသော ငွေများကို စက်ရုံအတွက် လိုအပ်သော ပစ္စည်းများ ထပ်မံဝယ်ယူရန်နှင့် စက်ရုံလည်ပတ်ရာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို လစာပေးရန်အတွက် ရောင်းချရကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

အဆိုပါ အောက်ဆီဂျင်အိုးများကို  မြို့နယ်အတွင်းရှိ အောက်ဆီဂျင် လိုအပ်သော ရဟန်းသံဃာများ ၊ ဒေသခံပြည်သူများ မည်သူမဆို အချိန် ကန့်သတ်ချက်မရှိ လာရောက်ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် ( ဝက်လက်)