ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိရာ (၃)ရက်မြောက်နေ့အထိ (၄၀၂၈) )ဦး ထိုးနှံပြီးစီး

ကျောက်ပန်းတောင်း အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို မြို့နယ်အတွင်း ဆေးထိုးစုရပ် (၁၀) ခု ဖွင့်လှစ်၍ ထိုးနှံပေးလျှက်ရှိရာ အောက်တိုဘာ(၁၉)ရက်နေ့အထိ စုစုပေါင်း(၄၀၂၈)ဦး ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ ကျောင်းသူများမှာ အထက်တန်းအဆင့် ကျား(၄၆၇)ဦး၊ မ(၆၅၃)ဦး ပေါင်း(၁၁၂၀)ဦးနှင့် အလယ်တန်းအဆင့် ကျား (၂၀၉၆)ဦး၊ မ(၂၁၄၃)ဦး ပေါင်း(၄၂၃၉) ရှိရာ စုစုပေါင်းကျောင်းသား/ကျောင်းသူ(၅၃၅၉)ဦး ထိုးနှံသွားမည်ဖြစ်ကြောင်းသိရ သည်။ ဆေးထိုးစုရပ်အနေဖြင့် ကျောင်းပန်းတောင်းမြို့ပေါ်တွင် (၂)ခု၊ ပုပ္ပား၊ စိတ္ထိန်း၊ တောင်ဦး၊ တောင်ဦး၊ လက်ပန်ပျား၊ ပွေးကျစ်၊ နတ်ကန်လည်၊ သုံးအိမ်ကုန်း၊ တလိုင်းကန် အစရှိသည့် ကျေးရွာများမှ ထက်တန်းဆင့် ကျောင်းများရှိ ဆေးထိုး  စုရပ်များတွင် အောက်တိုဘာ(၁၇)ရက်နေ့ နံနက်ပိုင်းမှ စ၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၁၉)ရက်နေ့အထိ (၃)ရက် တာကာလအတွင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၀၂၈) ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ စုစုပေါင်းထိုးနှံရန် ဦးရေ၏  (၇၅.၁၆) ရာခိုင်နှုန်း ထိုးနှံပြီးကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)