ကျိုင်းတုံ အောက်တိုဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ်(၁၈၆/၂၀၂၁)ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦးအား အောက်တိုဘာ ၁၉ ရက်က လွှတ်ပေးခဲ့ကြောင်းသိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်လက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ်(၁၈၆/၂၀၂၁)ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦးနှင့် အောက်တိုဘာ ၁၈ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၁၅ ဦး စုစုပေါင်း ၅၇ ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)