ကျောက်ပန်းတောင်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)နှင့် တတိယအသုတ်(ပထမကြိမ်) တို့ကို ဆေးထိုးစုရပ်များခွဲ၍ ဆက်လက်ထိုးနှံပေး

ကျောက်ပန်းတောင်း အောက်တိုဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမကြိမ်)နှင့် တတိယအသုတ်(ပထမအကြိမ်) ထိုးနှံခြင်းကို ဆေးထိုးစုရပ်များခွဲကာ ယနေ့နံနက်(၈)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ  အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဒုတိယအသုတ် (ပထမ အကြိမ်)ကို (၂၄-၉-၂၀၂၁)၊ (၂၅-၉-၂၀၂၁) ရက်နေ့နှင့်(၂၆-၉-၂၀၂၁) ရက်နေ့တို့တွင် ထိုးနှံခဲ့ပြီး (၂၂-၁၀-၂၀၂၁)၊ (၂၃-၁၀-၂၀၂၁)၊ (၂၄-၁၀-၂၀၂၁)ရက်များတွင် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ချိန်းဆိုထားသည့်သူများအားလုံးကို အမှတ်(၁) အ.ထ.က တွင် အဖွဲ့(၅)ဖွဲ့ ခွဲ၍ နံနက်(၈)နာရီမှ မွန်းလွဲ(၃)နာရီအထိ ဆေးထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ဆေးထိုးခဲ့သည့် အထောက်အထားစာရွက် မပျက်မကွက် ယူဆောင်လာရန်ဖြစ်ကြောင်းနှင့် တတိယအသုတ်(ပထမအကြိမ်) ကာကွယ်ဆေး ထိုးမည့်သူများအား (၂၄-၁၀-၂၀၂၁)ရက်နေ့ နံနက်(၈)နာရီမှ မွန်းလွဲ(၃)နာရီအထိ  သာသနာ့ဗိမ္မာန် စုရပ်နှင့် ပုပ္ပားတိုက်နယ် ဆေးရုံ စုရပ်တို့တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)