မင်းလှမြို့မစည်ပင်သာယာရေးအတွင်းဈေးရောင်းချသူများအား ကိုဗစ်ပိုးရှိ/ မရှိ အခမဲ့စစ်ဆေးပေး

မင်းလှ အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် စည်ပင်သာယာမြို့မစျေး၌ စျေးရောင်းချသူများ အား အောက်တိုဘာ ၂၄ နံနက် ၉ နာရီက  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် အခမဲ့စစ်ဆေးခဲ့သည်။

ကိုဗစ်ရောဂါပိုးစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှဌေး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များတို့က မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာစျေးအတွင်း စျေးရောင်းချနေသူ(၁၇၄)ဦးအား မြို့နယ်ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိခဲ့ ကြောင်းသိရသည်။

အလားတူ  ယမန်နေ့(အောက်တိုဘာ ၂၃) ရက်နေ့က စစ်ကွင်းမြို့မဈေးအတွင်း စျေးရောင်းချနေသူ (၁၀၁)ဦးအား မြို့နယ်ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ မရှိခဲ့ကြောင်းသိရသည်။

 

ပေါက်စ