ကျောက်ဆည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ(၅၇၇)ဦးရှိ၍ ဆေးဝါးကုသမှုခံယူနေသူ(၃)ဦးရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာနိုင်ရေး ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးများ ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူများနှင့် ကိုဗစ်-၁၉ရောဂါပိုး ရှိသူနှင့် ထိတွေ့ခဲ့သူများအား နေ့စဉ် Test Kit ဖြင့်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါ ပိုးတွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ အမျိုးသား(၃၇၆)ဦး၊ အမျိုးသမီး(၃၀၁)ဦး၊ စုစုပေါင်း (၆၇၇)ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၂၄)ဦး၊ အမျိုးသမီး(၂၅၃)ဦး၊ စုစုပေါင်း(၅၇၇)ဦး၊ သေဆုံးသူ အမျိုးသား(၅၀)ဦး၊ အမျိုးသမီး (၄၇)ဦး စုစုပေါင်း(၉၇)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသည့် အမျိုးသား(၂)ဦး၊ အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၃)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
သက်မောင်