သံတောင်ကြီး အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က သံတောင်ကြီးအမျိုးသမီးများမှ ကျားမ ရေးရာတန်းတူညီမျှရေးကွန်ယက်စာအုပ် ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒေါ်ယဉ်ယဉ်အေး(စာ/ထောက်-၃) က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု မဖြစ်ပေါ် စေရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် နော်ခင်သန်းဦးက ကျားမတန်းတူညီမျှခြင်း၊ ခွဲခြားဆက်ဆံခြင်း ၊အမျိုးသမီး များ၏ အခွင့်အရေးဥပဒေများကိုလည်းကောင်း၊ နော်ခင်ခင်အေးက အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုများအကြောင်း ၊ အိမ်တွင်းအကြမ်းဖက်မှုပုံစံများ၊ လိင်အကြမ်းဖက်မှု ဆိုင်ရာများကို ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)