လိပ်သို အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကော်မတီနှင့် ဌာနဆိုင်ရာ တာ၀န်ရှိ သူများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၉) နာရီအချိန်က “ ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို လိပ်သို အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ လက်ကမ်းစာစောင်၌ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း သား/ ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူ ခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ ကျောင်းသား /ကျောင်းသူများမှတစ်ဆင့် မိသားစုနှင့် ပတ်၀န်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကာကွယ်ဆေးဖြင့် လွှမ်းခြုံ အပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဟူသော ရည်ရွယ်ချက်များ ပါရှိသည်။
ထို့အပြင် ကာကွယ်ဆေးမထိုးနှံပေးရမည့် ကျောင်းသား/ကျောင်းသူများ၊ ယာယီမထိုးနှံပေးရမည့် ကျောင်းသား/ကျောင်းသူများ Sinovac ကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြဿာနာများနှင့် ပတ်သက် သည့် အသိပညာပေးအချက်အလက်များ၊ ကျောင်းနေ အရွယ်ကလေးများအား ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည့် ဒေသတွင်းနိုင်ငံ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်းတို့ကိုလည်း ဖော်ပြ ပါရှိထားကြောင်းကို ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူတစ်ဦးချင်းလက်၀ယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)