ကမမောင်း အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်သားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် ထိုးနှံနိုင်ကြစေရေးအတွက် မြို့ပေါ်ရပ်ကွက် များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ကဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ကမမောင်းမြို့အတွင်းရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံကြမည့်ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးထိုးစုရပ်များ အနေဖြင့် အ.ထ.က(ကမမောင်း)၊ အ.လ.က(အုန်းတော)၊အ.ထ.က(ကတိုင်တိ)တို့တွင် ဆေးထိုးစုရပ်သတ်မှတ်ပေးထားပြီး ကာကွယ်ဆေးထိုးနှံကြရမည့် ကျောင်းစာရင်းနှင့် စုရပ်များကို မိဘပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သိရှိစေရန်အသိပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)