ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနနက် ၁၀ နာရီမှ စ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ (ထ-ခွဲ အလက)ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် (ဒုတိယနေ့) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ် အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက်နေ့မှ စ၍ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ရာ ယနေ့တွင်လည်း ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဆိပ်ကြီး အနောက်ရပ်ကွက်နှင့် ခနောင်တိုအနောက်ရပ်ကွက်တို့ရှိ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား မြို့နယ် ဆရာဝန်ကြီးဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး စတင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်း များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)