ပဲခူး အောက်တိုဘာ ၂၀
ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးအချုပ်ထောင်၌ (၁၉.၁၀.၂၀၂၁) ရက်နေ့ နံနက် ၁၁ နာရီက ပဲခူးအချုပ်ထောင်ရှိ ဧည့်ရိပ်သာခန်းမ၌ အချုပ်တရားခံ များအဖြစ် ချုပ်နှောင်ခံထား ရသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြစ်ဒဏ်များ အပေါ်လျော့ပေါ့၍ ပြန်လည်စေလွှတ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ပဲခူးအချုပ်ထောင်တာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးဆွေမျိုးလှိုင်နှင့် တာဝန်ရှိ သူများ၊ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြသည့် အချုပ်သား/သူများ စုစုပေါင်း (၁၂၀)ဦး ခန့်တက်ရောက်ခဲ့ကြကာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေ၊ ရဲမှူးကြီး ကျော်ထွဋ်နှင့် အကျဉ်းဦးစီးဌာနမှ ညွှန်မှူး ဦးကျော်စိုးတို့မှ ဆုံးမစကားများ ပြောကြားခဲ့ကြ ကြောင်းသိရသည်။
ထို့နောက် အချုပ်တရားခံများအဖြစ် ပဲခူးအချုပ်ထောင်တွင် ချုပ်နှောင်ခံထားရသည့် အချုပ်သား (၉၈) ဦး၊ အချုပ်သူ (၁၃) ဦး စုစုပေါင်း (၁၁၁)ဦးတို့အား ပြန်လည် စေလွှတ်ပေးခဲ့ ကြောင်းသိရှိရပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အချုပ်သား (၉၈)ဦး အနက် အောက်ပါ အချုပ်သား(၃)ဦးမှာ နောက်ဆက်တွဲအမှုများကျန်ရှိနေသဖြင့် ပဲခူးအချုပ်ထောင်တွင် ဆက်လက် ချုပ်နှောင်ထားရှိပြီး ဆက်လက်အမှုရင်ဆိုင်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)