ပေါက်တောမြို့နယ်၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအတွက် ဆရာမတစ်ဦးရဲ့ရင်တွင်းစကားသံများနှင့် ကျောင်းသား/သူ နှစ်ဦး၏ ရင်းတွင်းစကားသံများ

ပေါက်တော အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း နှင့်ပတ်သက်၍ ဆရာမတစ်ဦးနှင့် ကျောင်းသား/သူနှစ်ဦး၏ ရင်တွင်းစကားသံများကို ယနေ့  နေ့လယ် (၁) နာရီခန့်က မေးမြန်းခဲ့သည်။

ပထမဦးစွာ ကျောင်းသား/သူများ ဆေးထိုးနှံရာတွင် စနစ်တကျဖြစ်စေရန်နှင့် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရန် ရောက်ရှိ လာသည့်  အလယ်တန်းပြဆရာမ ဒေါ်လှသိန်းညွန့်၏ ရင်တွင်းစကားများကို ဖော်ပြလိုပါသည်-

ဆရာမက ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးနှံပေးမယ်လို့ ကြားသိရတဲ့အခါ အလွန်၀မ်းသာ မိပါတယ်  ကျောင်းသား၊ ကျောင်းသူ တွေကို ပြည်သူများထက်   စောပြီးထိုးပေးစေချင်တဲ့ ဆန္ဒရှိခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်-ရောဂါ ဖြစ်ပွားနေဆဲကာလမှာ တစ်နိုင်ငံလုံးရှိ ကျောင်းများကို ယာယီပိတ်ထားရတော့  စိတ်တွေလေလွင့်နေကြတဲ့ ကျောင်းသား/သူတွေကို မြင်တွေ့ရတော့ စိတ်မကောင်းဖြစ်မိသလို၊ အချို့ ကျောင်းသား/သူတွေကတော့ အချိန်ရသလောက် ကွန်ပျုတာ သင်တန်းတို့၊ အင်္ဂလိပ်စာဘာသာရပ်တွေကို Online မှတဆင့်တက်နေကြတာတွေ့ရတော့ ဝမ်းသာမိပါတယ်၊ ခုလို ကျောင်းသား/သူများကို ကိုဗစ် ရောဂါကာကွယ်ဆေး ထိုးနှံပေးတော့ အတိုင်းမသိဝမ်းသာမိပါတယ်၊ ဆရာမ ဝမ်းသာမိသလို ကျောင်းသားမိဘတွေရော ကျောင်းသား၊ ကျောင်းသူတွေပါ ဝမ်းသာကြမှာလို့ ထင်မိပါတယ်၊ ယခုလို ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို ထိုးနှံ ရအောင် စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲများနှင့်  ဆေးထိုးနှံရာတွင် စနစ်တကျ ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးကြတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို မိဘပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားခဲ့သည်။

ဆက်လက်၍ Grade -7 ကျောင်းသူ မလှသန္တာ၏ ရင်တွင်းစကားသံမှာ ကျောင်းတက်ချင်လွန်းလို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ အမြန်ဆုံး ဆုတောင်းနေတာကြပါပြီ အခု ကာကွယ်ဆေးထိုးရလို့ အလွန်ဝမ်းသာမိပါတယ် ဆေးထိုးပြီးလို့ ကျောင်းပြန်တက်ရတော့ သူငယ်ချင်း တွေနဲ့လည်း တွေ့ရတော့မှာဖြစ်လို့ ပိုပြီးဝမ်းသာမိပါတယ်လို့ ပြောကြားခဲ့သည်။ ဆက်လက်၍    Grade -6     ကျောင်းသား မောင်ပိုင်မင်းထွန်း၏ ရင်တွင်းစကားသံမှာ

ကျွန်တော် ကျောင်းတက်ချင်နေတာကြာပါပြီ  ဒါပေမဲ့ ဆေးထိုးမှာကိုကြောက်တော့ အဖေ၊ အမေတို့က ကာကွယ်ဆေးမထိုးတဲ့သူ ကျောင်းမတက်ရဆိုတော့ ကျောင်းမတက်ရမှာကို ကြောက်လို့ ဆေးထိုး လာတာပါ ဆေးထိုးတော့လည်း ဆေးထိုးတာကို မသိလိုက်ပါ  ဆေးထိုးတဲ့ဆရာမက ပြီးပြီလို့ ပြောတယ်  ကိုယ်နေရာကိုပြန်သွားထိုင်လို့ ပြောပါတယ် ကျွန်တော်အစကတော့ ဆေးထိုးရမှာ ကြောက်တယ် အခုဆို နောက်ထပ် ၁၀ ခါ ထိုးမယ်ဆိုလဲ မကြောက်တော့ပါ သူငယ်ချင်းတွေကိုလည်း ကိုဗစ် ရောဂါကာကွယ်ဆေးကို သွားထိုးကြပါ၊ မကြောက်ကြပါနဲ့  ကျောင်းပြန်တက်ချင်ရင် မိမိကအစ ကာကွယ်ကြပါစို့  ဆောင်ပုဒ်ကိုဆိုပြပြီး ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။

ကျော်သန်း(မြို့နယ် ပြန်/ဆက်)