မောင်တော အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ် ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ အချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်း ကျောင်းခန်းမတွင် လက်တွေ့ သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင် က မီး လောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြိမ်းသတ်မှုများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများပြု လုပ်ခဲ့သည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင် များက ကျောင်းသား/ သူများအား ဘေးအန္တရာယ်များ ဖြစ်ပွားပါက လူနာများ ကူညီ ကယ်ဆယ်နိုင်ရေးအတွက် ကြိုးချည်နည်းများ၊ လူနာသယ်ဆောင်နည်းများ၊ မီးလောင်နေစဉ် မီးသတ်ဆေးဘူးနှင့် အဝတ်စဖြင့် မီးငြိမ်းသတ်နည်းများအား ကျောင်းသား/သူများ စနစ်တကျ အသုံးပြုမီးငြိမ်းသတ်တတ်စေရန် လက်တွေ့သရုပ်ပြသစေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းအုပ်ကြီး ဦးစစ်အောင်နှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး