ဟိုပုံး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်(၆)ရပ်ကွက် တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အများဆုံးတွေ့ရှိရသောကြောင့် အဆိုပါမြို့ပေါ်(၆) ရပ်ကွက်အား Local Semi-Lockdown သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ မိမိနေအိမ်တွင် သာနေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်၊ အပြင်ထွက်ရန် ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ အပြင်ထွက်ခွင့် ကဒ်ပြားရယူ၍ တစ်အိမ်လျှင်(၁)ဦးသာ နေအိမ်ပြင်ပသို့ ထွက်ခွာကြရန်၊ နေ့လယ်(၁)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ် ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရန်)၊ ဆေးရုံ၊ ဆေးခန်းသွား ရောက်ရန်ရှိပါက အုပ်ချုပ်ရေးမှူးထံအကြောင်း ကြား၍ ယာဉ်မောင်း(၁)ဦး အပါအဝင် (၃)ဦးသာ သွားရောက်ရန်၊ ကိုဗစ်ကာကွယ် ဆေးထိုးနှံရန် အတွက် နေအိမ်ပြင်ပထွက်ခွာပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် တစ်ပါတည်းယူ ဆောင်လာရန်၊ နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ရန်၊ စားသောက် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ရန်၊ နေ့လည်(၁)နာရီမှစ၍ ဆေးဆိုင်များ၊ ဆေးခန်း များ၊ စက်သုံးဆီဆိုင်များမှအပ မည်သည့် ဈေးဆိုင်မှ ဖွင့်လှစ်ရောင်း ချခြင်းမပြုရန်၊ ဟိုပုံးမြို့မဆည်နှင့် နောင်ဘိုကန်အနီး Local Semi-Lockdown ကာလအတွင်း ရေချိုးခြင်း၊ရေကူးခြင်း၊ ငါးမျှားခြင်း၊ လည်ပတ်ခြင်းမပြုရ၊ တာဝန် ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့်ဖြတ်သန်း ခွင့်ပြု ထားသောယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွား လာခွင့်ပြုရန်၊ အခြားမြို့နယ်များမှ ဟိုပုံးမြို့ ပေါ်ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များအား လုံး ဟိုပုံးမြို့ပေါ်၌ ရပ်နားခြင်း လုံးဝ (လုံးဝ)ခွင့်မပြုရန်၊ အခြားကျေးရွာနေ မိဘပြည်သူများ အနေဖြင့်လည်းကောင်း Local Semi-lockdown ချမှတ်ထားသည့်ဟိုပုံးမြို့သို့ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် သတ်မှတ်ချိန်အတွင်း၌သာ ဝင်ထွက်သွား လာရန်၊ အခါကြီးရက်ကြီးနေ့များ၌ လည်းကောင်း၊ အခြားနေ့ရက်များ၌ သော်လည်းကောင်း၊ ဘာသာရေး ဆိုင်ရာကိစ္စရပ်များအတွက် မော်တော်ယာဉ်များပေါ်တွင် အိုးစည်၊ ဗုံမောင်းများဖြင့် စုဝေးသွားလာခြင်းမပြုရ။ အထက် ဖော်ပြပါ တားမြစ်ချက်များအား လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေး နည်းလမ်း အရလည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေအရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုး ဆော်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ Local Semi-lockdown အား အောက်တိုဘာ လ(၁၉) ရက်နေ့မှ နိုဝင်ဘာလ(၂)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)