ဇမ္ဗူသီရိ အောက်တိုဘာ ၂၀
ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ် ၁၈၇/၂၀၂၁ အရ အချုပ်တရားခံများအား ယနေ့ နံနက် (၁၀) ခွဲက လွှတ်ပေးခဲ့သည်။
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိသူများအား ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်မှု ကောင်စီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ကောင်းမွန်စွာ နေထိုင်ကြရန် ဆုံးမ ဩဝဒ စကားပြောကြားခဲ့ပြီး နေပြည်တော်အချုပ်ထောင်ရှိ တရားခံ ကျား (၄၉) ဦး၊ မ(၁၀) ဦး စုစုပေါင်း (၅၉) ဦးတို့အား လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွှန့်၊ နေပြည်တော်အချုပ်ထောင်မှူး ဦးအောင်သန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)