သတင်းများ

ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်လည်ပတ် အပန်းဖြေသည့် ခရီးသွားပြည်သူများပြား
Oct 21,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ အပန် းဖြေခရီး လာရောက်လည်ပတ်သူများ နှင့် ဆင်များ လေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှုများလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံက သိရသည်။
ညောင်ဦးမြို့နယ် ကြက်တူရွေးပဲသီးစိုက် တောင်သူများ တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချနေရခြင်း ကြောင့် မိသားဝင်ငွေရရှိ
Oct 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ သစ်ထောင့် ကျွန်းကျေးရွာများ၊ သူကောင်းတည်ကျေးရွာများသည် ကြက်တူရွေးပဲသီး စိုက်ပျိုးခြင်းအား ယခုနှစ် မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်း ကောင်းမွန်ခြင်းကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူး ရောင်းချချိန် တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချနေရကြောင်း သစ်ထောင့်မြောက်ကျေးရွာ တောင်သူ ဦးအေးကိုထံက သိရသည်။
သီတင်းကျွတ်လပြည့်ည (အဘိဓမ္မာအခါတော်နေ့)၌ မိုင်းခုတ်မြို့ရှိ ဘုရားစေတီများတွင် ဆီမီးများ ထွန်းညှိပူဇော်
Oct 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် သီတင်းကျွတ်လပြည့်ည (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၂၀ ရက်နေ့က ဘုရားဖူးပြည်သူများသည် ဆီမီးများ၊ အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ခဲ့ကြကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်
Oct 21,2021
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ရေတာကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်နေ့က မိုးကြိုးဘေးဖြင့်သေဆုံးခဲ့သူ၏ မိသားစုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ယမန်နေ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကျိုက်မုရောစေတီတော်၌ ဆီးမီး ၃၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်
Oct 21,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် လှိုင်းဘွဲမြို့ ကျိုက်မုရော စေတီတော်အား ဆီမီး ၃၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်ပွဲကို ယမန်နေ့ ည (၆)နာရီအချိန်က အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဝါးခယ်မမြို့နယ်၌ မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၆)လုံးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
Oct 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်းကျေးရွာတွင် ယမန်နေ့ နံနက် (၁၀)နာရီက ရွှေလောင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းပါးအနီးရှိ နေအိမ် (၆)လုံးယာယီရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲနှင့် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်
Oct 21,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲနှင့် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ခြင်းကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင်  မောင်တောမြို့ပေါ်၌  တည်ငြိမ်အေးချမ်းစွာ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေမုဌောမဟာစေတီတော်၊ ရွှေစည်းခုံစေတီတော်မြတ်နှင့် တာဝတိံသာဘုရားတို့တွင် ဘုရားပြည်သူများ၊ အပန်းဖြေသူများနှင့် စည်ကားလျက်ရှိ
Oct 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်မြတ်နှင့် တာဝတိံသာဘုရားတို့တွင် အဘိဓမ္မာအခါတော်နေ့ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ အဘိဓမ္မာပူဇော်ခြင်းနှင့် ဘုရားသို့ လာရောက်ဖူးမြှော်ပူဇော် ကြည်ညို သူများနှင့် စည်ကားလျက်ရှိသည်။ ယမန်နေ့ညတွင် ပုသိမ်မြို့ တာဝတိံသာ အနောက်ဖက် မင်းရပ်တန်းလမ်းနေ ဦးမြင့်အောင်မိသားစုက တာဝတိံသာဘုရားကြီးတွင် ဆီမီးတစ်ထောင် ပူဇော်ပြီး မနက်ဖန် လပြည့်ကျော် ၁ ရက်နေ့ (အောက်တိုဘာလ ၂၁ ရက် ) တွင်လည်း ဆက်လက်ပူဇော်မည် ဖြစ်ကြောင်းသိရသည်။