တကူ(စံပြ) တိုက်နယ်ဆေးရုံမှ ရောဂါပိုးတွေ့ရှိ အမျိုးသား(နှစ်)ဦးအား ဆေးရုံမှဆင်းခွင့်ပြု
Jun 22,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူသံတိုက် ကျေးရွာမှ အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် ဇွန်လ ၉ရက်နေ့မှစ၍ တကူ (စံပြ) တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အတိုင်း (Facility Quarantine) အသွားအလာ ကန့်သတ်ထားရှိ၍ ကျန်းမာရေးစောင့်ကြပ်ပေးလျက်ရှိရာ ဇွန်လ၂၂ရက်နေ့တွင်(၁၄)ရက်ပြည့်၍ ကျန်းရေးကောင်းမွန်နေ သဖြင့် မွန်းလွဲ ၂နာရီအချိန်က ဆေးရုံတာဝန်ခံ ဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်က ဆေးရုံမှနေအိမ်သို့ ဆင်းခွင့်ပြုပြီး ဆေးရုံမှဆင်းခွင့်ပြုကြောင်း ထောက်ခံချက်ကို ပေးအပ်ကြောင်း သိရှိရသည်။