ပေါင်မြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၃၃၂၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးစီး

ပေါင်   အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက အ.ထ.က (ဇင်းကျိုက်)၊ အ.ထ.က (မုတ္တမ)၊ အ.ထ.က(ရင်းငြိမ်)ကျောင်းတို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပေါင်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၂၄)ကျောင်း၊ အလယ်တန်းကျောင်း (၃၇) ကျောင်း၊ စုစုပေါင်း (၆၁) ကျောင်းမှာရှိသည့် အထက်တန်းအဆင့်ကျောင်းသား (၁၆၃၂) ဦး၊ အလယ်တန်း အဆင့် ကျောင်းသား (၆၅၃၄) ဦး စုစုပေါင်း (၈၁၆၆)ယောက်ကို Sinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ (၂၃)ရက်နေ့ထိ ကျောင်းသား/ကျောင်းသူ (၃၃၂၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝဏ္ဏမောင် (ပြန်/ဆက်)