ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့က ပြည်ကြီးမဏ္ဍိုင် မြို့အခြေခံပညာ အလယ်တန်းကျောင်းဆေး ထိုးစုရပ်တွင် ထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမင်းသိမ်းနှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့က ရပ်ကွက်/ကျေးရွာ များရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အသက် (၁၂)နှစ်ပြည့်ပြီး၊ အသက်(၁၈)နှစ် မကျော်သည့် ကျောင်းသား/သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူညီခွင့်ပြုချက်ဖြင့် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသော် လည်း နာရီဝက်ကြာ စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း၊ အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်ကြီးမဏ္ဍိုင် မြို့နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း(၈၈၃)ဦးကို ထိုးနှံပေးမည်ဖြစ်ကြောင်း ဒုတိယပညာရေးမှူး ဦးခင်အေးထံမှ သိရသည်။
မျိုးလွင်