ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ဆီဆိုင်      အောက်တိုဘာ     ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ 

ကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ကြ၍ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိဘပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ပေးပြီး  စနစ်တကျထိုးနှံပေးသည်။    

ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ်  သတ်မှတ်ထားသည့် စုရပ်(၈)နေရာများတွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)